ပန်းတနော် စက်တင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မင်းတစုကျေးရွာရှိ သမိုင်းဝင်ကျိုက္ခနိမ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ၁၃၈၆ ခုနှစ် တော်သလင်းလဆန်း ၁ ရက်နေ့မှ တော်သလင်းလပြည့်နေ့အထိ ၁၅ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ယမန်နေ့မွန်းလွဲပိုင်းက ပိတ်ပွဲဆုပေးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သမိုင်း၀င်ကျိုက္ခနိမ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးတွင် မြန်မာ့ရိုးရာ ၃ တက်လှေပြိုင်ပွဲနှင့် စက်တပ်ရေယာဥ်ရှိုးနှင့် ဖားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ ဘုရားဖူး ပြည်သူများမှ ကြည့်ရှုအားပေးခဲ့ကြသည်။ ဥမ္မာဒန္တီဖလား မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ သုံးတက်တန်းတွင် စုစုပေါင်း အသင်း ၇ သင်း၊ အုပ်စု ၂ စုဖြင့် ယှဥ်ပြိုင်ခဲ့ကြရာ ပထမဆု ကျုံသက် အသင်း၊ ဒုတိယဆုဇီးပင်အသင်း၊ တတိယဆု စော်ပန်းအသင်းနှင့် နှစ်သိမ့်ဆုများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
ကျော်သူအောင်(ပြန်/ ဆက်)