ပိုင်ကျုံ ဇန်နဝါရီ ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ အ.မ.က ဘုရားကုန်း(၁)ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ကျောင်းသား/သူများက မြတ်ဆရာသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး လှိုင်းဘွဲမြို့နယ် လက်ထောက်မြို့နယ် ပညာရေးမှူးဦးမျိုးမြင့်ထွန်းက လောဘ၊ ဒေါသတွေကို အသိတရားနှင့်ထိန်းချုပ်ပြီး မိဘ၊ ဆရာ၊ ကျောင်းသားများ လက်တွဲညီညီဖြင့် မိမိဒေသ/ ကျောင်းဖွံ့ဖြိုးတိုးတက်ဖို့ မိမိတတ်စွမ်းသလောက် ဝိုင်းကူညီဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အ.ထ.က ပိုင်ကျုံကျောင်းအုပ်ဆရာမကြီးက မိမိဒေသ/ကျောင်းဖွံ့ဖြိုး တိုးတက်ဖို့ ကျောင်းသားလူငယ်များ စိတ်ဓာတ်၊ စည်းကမ်းပြည့်ဝစေရေးအတွက် ဆရာ/မများ သွန်သင်ဆုံးမရန် လိုအပ်ကြောင်းများကို အသီးသီးအမှာ စကားပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် ဆုရကျောင်းသား/သူများနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်သည့် ကျောင်းသား/သူများအား တာဝန်ရှိသူများတို့မှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အ.မ.က ဘုရားကုန်း(၁)ကျောင်းမှ ဆရာ/မတို့အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည် ။
ထို့နောက် အ.မ.က ဘုရားကုန်း(၁)ကျောင်းမှ ကျောင်းသား/သူလေးများက အခမ်းအနားတွင် တက်ရောက်လာကြသည့် တာဝန်ရှိသူများကို သရုပ်ဖော်တေးသီချင်းများဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြောင်း သိရသည် ။
နော်ခူး(ပြန်/ဆက်)