စေတုတ္တရာမြို့နယ်၌ မေတ္တာစေရာ နာမှုကူညီရေးအသင်း (၃)နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကျင်းပ

စေတုတ္တရာ ဇန်နဝါရီလ ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ရှိ မေတ္တာစေရာနာမှုကူညီရေးအသင်းကြီး၏ (၃)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို မြို့နယ်လေးထပ်တောင်ကျောင်းတိုက်တွင် ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် နမောတသသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်၍ ပဓာနနာယကဆရာတော် ဦးသူရိယကလောကတွင် လူတိုင်းထားရှိသင့်တရားဖြင့် ဩဝါဒပေး၍ ငါးပါသီလခံယူဆောက်တည် တရားနာယူပြီး ဆရာတော်သံဃာတော်(၁၃)ပါးထံဆွမ်း၊ လှုဖွယ်ဝတ္တူများ ဆက်ကပ်တရားနာရေစက်ချ အမျှပေးဝေခဲ့သည်။

ဆက်လက်၍ ပဓာနနာယကဆရာတော်က ဩဝါဒမွတ်ကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က အဖွင့်အမှာစကားပြောကြားခြင်း၊ စေတုတ္တရာမြို့နယ် "မေတ္တာစေရာ" နာမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးမိုးတင်က အသင်းစတင်ဖြစ်ပေါ်ဖွဲ့စည်းခဲ့ပုံနှင့် လုပ်ငန်းဆောင်ရွက်ခဲ့ပုံများ ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးကိုကိုဇင်က မေတ္တာစေရာအသင်းနှင့် ပူးပေါင်းဆောင်ရွက်ရသည့် လုပ်ငန်းများ “သွေးသည်အသက် အသက်သည်သွေး” ဆိုသည်အတိုင်း ဆေးရုံတွင် အရေးပေါ်လူနာများအတွက် သွေးလှုရှင်အသင်းဝင်များမှ သွေးလှုဒါန်းခဲ့သည်အတွက် ကျေးဇူတင်ကြောင်း ရှင်းလင်းပြောကြားခြင်း၊ မေတ္တာစေရာ နာမှုကူညီရေးအသင်းဘဏ္ဍာရေးမှူး ဦးနိုင်လင်းက အသင်းနှစ်ပတ်လည်အစီရင်ခံနှင့် ရငွေ၊ သုံးငွေ စာရင်းရှင်းတမ်းဖတ်ကြားကာ ၎င်းအစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းများအား တက်ရောက်လာသူများအား ကန့်ကွက်ရန်ရှိ/မရှိ မေးမြန်းမှုများဆောင်ရွက်ခဲ့ရာ တက်ရောက်လာသူ မြို့နယ်ပြည်သူ့များက ကန့်ကွက်ရန်မရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။

မေတ္တာစေရာနာ မှုကူညီရေးအသင်း (၃)နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနား၌ ပဓာနနာယကဆရာတော်က မေတ္တာစေရာအသင်း မတည်အလှုရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဆရာဝန်ကြီးကမြို့နယ်၌‌ အသင်းမှ(၁၀)ကြိမ်အထက် သွေးလှုဒါန်းထားရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး နောက်မေတ္တာစေရာနာမူကူညီရေးအသင်းကို ၂၀၂၁ခု ဇန်နဝါရီ(၅)ရက်နေ့က စတင်ဖွဲ့စည်းတည်ထောင်ခဲ့ရာ ယခုဆို(၃)နှစ်ရှိပြီးဖြစ်ရာ အသင်းကို နာယကဆရာတော်‌နှင့် ကော်မတီဝင်(၁၇)ဦး၊ အသင်းဝင်ယခင်(၁၃၂)ဦးယခု(၉၅)ဦး၊ အသင်းနာမှုကူညီရေးလုပ်ငနိးများတွင် အရေးပေါ်လူနာများ မကွေး၊ မင်းဘူးပို့ဆောင်ခြင်း၊ အရေးပေါ်မွေးလူနာများ ပို့ဆောင်ခြင်း၊ သွေးလှုဒါန်းမှုများ ပြုလုပ်ခြင်း၊ ဆေးဖြန်းခြင်း၊ Deadbody များသယ်ယူပို့ဆောင်မီးသဂြိုလ်ခြင်း၊ အသင်းကြီးလည်ပတ်နိုင်ရေးမြို့နယ်၌ မတည်အလှုရှင်များ လစဥ်မြို့နယ်ရပ်ကွက်‌ပြည်သူ့များက အလှုငွေများထည့်ဝင်လှုဒါန်းကာ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ဝင်းအိမွန်(ပြန်/ဆက်)