ပင်လုံမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး အတွက် အဆောက်အအုံ မှတ်တမ်းတင်ခြင်းလုပ်ငန်း ဆောင်ရွက်

ပင်လုံ ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အအုံ မှတ်တမ်းတင်ခြင်းလုပ်ငန်းကို ယနေ့နံနက် (၉:၀၀)နာရီ အချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမှတ်(၁)ရပ်ကွက်တွင် စတင်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာအောင်ကြီးကြပ်၍ မြို့နယ်ဦးစီးမှူး ဦးမိုးမောင်မောင်ခင်နှင့် ဝန်ထမ်းများက ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အမှတ်(၁)ရပ်ကွက်မှစတင်၍ လူနေ/လူမနေ အဆောက်အအုံများအား Mobile Tablet အသုံးပြု၍ သတ်မှတ် Software အသုံးပြုကာမှတ်တမ်းတင် ကောက်ယူဆောင်ရွက်လျက် ရှိပါသည်။

အဆိုပါဆောင်ရွက်ရာတွင် ပင်လုံမြို့မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးရန်ပိုင်ဖြိုးနှင့် ဝန်ထမ်းများခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်မှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်စာရေးနှင့် ရာအိမ်မှူး/ဆယ်အိမ်မှူးများက ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတစ်ရပ်ဖြစ်သည့် အဆောက်အအုံ မှတ်တမ်းတင်ခြင်းလုပ်ငန်းကို ပင်လုံမြို့၌ (၂၁-၁-၂၀၂၄) မှ (၃၁-၃-၂၀၂၄) ထိ ကောက်ကွက်ပေါင်း (၃၂)ကွက်အား ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

မြို့နယ်(ပြန်/ဆက်)