ပုဇွန်တောင်မြို့နယ်တွင် သောက်သုံးရေအခက်အခဲဖြစ်နေသည့် ပြည်သူများအား နေအိမ်အရောက် အခမဲ့ ရေပေးဝေ

ပုဇွန်တောင် ဧပြီ ၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် သောက်သုံးရေ အခက်အခဲ ဖြစ်လျက်ရှိသည့် ပြည်သူများအား ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရေအခက်အခဲဖြစ်နေသည့် အမှတ်(၃)ရပ်ကွက်နေ ပြည်သူများအား နေအိမ်များအရောက် အခမဲ့ပေးဝေခဲ့သည်။

ထိုသို့ပေးဝေရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မိုးအောင် ဦးဆောင်၍ အဖွဲ့ဝင် ဗိုလ်မှူး အောင်ကျော်လွင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သန်းဌေးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကြည်ဖေလင်းနှင့် တာဝန်ရှိသူများက မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ရေသယ်ယာဉ်ဖြင့် လတ်တလောသုံးရေ အခက်အခဲရှိသော အမှတ်(၃) ရပ်ကွက်၊ အောက်ပုဇွန်တောင်လမ်းရှိ အိမ်ခြေ (၁၀၀) အား ရေဂါလံ (၃၂၀၀) ကို နေအိမ်များသို့ ရေရရှိရေးအတွက် နေအိမ်များအရောက် အခမဲ့ကုသိုလ်ပြု ရေများပေးဝေခဲ့ကြကြောင်း သိရသည်။

ဟန်စုယဉ်