ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုနှင့် သမဝါယမစိတ်ဓာတ် ထွန်းကားပြန့်ပွားရေးဆိုင်ရာ ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်

ဟားခါး နိုဝင်ဘာ ၅

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုနှင့် သမဝါယမစိတ်ဓာတ်ထွန်းကားပြန့်ပွားရေးဆိုင်ရာ ဆုချီးမြှင့်ခြင်း အခမ်းအနားကို နိုဝင်ဘာ ၅ ရက်နေ့ နံနက် ၉ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေး ဦးအောင်ချို၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆုရကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်ဝုန်ဆွန်းထန်က နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို နိုင်ငံတစ်ဝန်းတွင် ဆောင်ရွက်လျက်ရှိပြီး ကျောင်းသားလူငယ်များအနေဖြင့် စာပေကို အလေးထား တန်ဖိုးထားပြီးဉာဏ်ပညာရင့်သန်လာပြီး အမှားနှင့်အမှန် ၊ အဖြူနှင့်အမည်း ၊ ဓမ္မနှင့် အဓမ္မ ဝေဖန်ပိုင်း ခြားတတ်စေရေး၊ နိုင်ငံတော်၏ အနာဂတ်သားကောင်းရတနာများ အရည်အသွေးပြည့်ဝသည့် သားကောင်း သမီးကောင်းများ ပေါ်ထွန်းလာစေရေးဟူသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရခြင်းဖြစ် ကြောင်း၊ စာဖတ်သည့်တိုင်းပြည်ဟာ ပိုမိုမြန်ဆန်စွာ တိုးတက်သည်ကို တွေ့ရှိရကြောင်း၊ ယနေ့ လူငယ် နောင်တွင်လူကြီး ဟူသကဲ့သို့ နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်တွေကို ပခုံးပြောင်း တာဝန်ယူ ထမ်းဆောင်ကြမည့် ကျောင်းသားလူငယ်များအနေဖြင့် စာလည်းတတ် စာလည်းဖတ်ပြီး အသိဉာဏ် ပညာပြည့်ဝသည့် လူရည်ချွန် လူရည်မွန်များဖြစ်လာအောင် ယခုစာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု များမှသည် စာပေဖတ်ရှုလေ့လာသည့် အလေ့အထများပေါ်ထွန်းရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ ထိုနည်းတူ အထူးသဖြင့် ချင်းပြည်နယ်အတွင်း သမဝါယစိတ်ဓာတ် ထွန်းကားပြန့်ပွားရေးအတွက် အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ သမဝါယမစိတ်ဓာတ်သည် ချင်းလူမျိုးများအတွက် အသစ်အဆန်းမဟုတ်ဘဲ ချင်းလူမျိုးများ၏ ရှေးယခင်ကတည်းက ရှိခဲ့ပြီးသားဖြစ်သော တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီတတ်မှု၊ အစုအဖွဲ့ဖြင့် စုပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်များ ပြန်လည်ရှင်သန်လာအောင် ပြုစုပျိုးထောင်ရန်သာလိုကြောင်း ဖြင့် အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးခမ်းလျန်ဆုမ်းနှင့် ပြည်နယ်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ထွန်းတို့က ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုနှင့် သမဝါယမ စိတ်ဓာတ်ထွန်းကားပြန့်ပွားရေး ပြိုင်ပွဲများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။

ယင်းနောက် သမဝါယမစိတ်ဓာတ်ထွန်းကားပြန့်ပွားရေး တက္ကသိုလ်အဆင့်ဆောင်းပါးပြိုင်ပွဲ၊ အထက်တန်းအဆင့် စာစီစာကုံပြိုင်ပွဲနှင့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အထက်အဆင့် ပုံပြင်ပြောပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိ သူများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က လည်းကောင်း၊ သမဝါယမစိတ်ဓာတ် ထွန်းကားပြန့်ပွားရေး အလယ်တန်းအဆင့် စာစီစာကုံပြိုင်ပွဲနှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲများ တွင် ပထမ ၊ ဒုတိယ ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိသူများကို ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ် ဦးနေစိုးကလည်းကောင်း၊ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှု အလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပထမ ၊ ဒုတိယ ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိသူများကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်က လည်းကောင်း ၊ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် ပထမ ၊ ဒုတိယ ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိသူများကို လူမှု ရေးရာဝန်ကြီး ဦးဝင်းဇော်ဦးကလည်းကောင်း ၊ မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပထမ ၊ ဒုတိယ ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိသူများကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင် ကလည်းကောင်း ၊ မူလတန်းအဆင့် Grade-3 နှင့် Grade-2 ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိသူများကို ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချိုက လည်းကောင်း ၊ စကားရည်လုပွဲတွင် ဆုရရှိသူများအား ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခမ်လျန်ဆုမ်းက လည်းကောင်း ၊ သမဝါယမစိတ်ဓာတ်ထွန်းကားပြန့်ပွားရေး စာစီစာကုံးပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများကို ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ထွန်းကလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများ ပေးအပ်ချီးမြှင့်ကြ သည်။

ဆက်လက်၍ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် ပထမဆုရရှိသည့် အခြေခံပညာမူလတန်းကျောင်း (ရဲကုန်း) ၊ Grade-1 မှ မလေသင်းထွန်းနှင့် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပထမဆုရရှိ သည့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပြန်လည်တင်ဆက်ကြပြီး ဆုချီးမြှင့်ခြင်းအခမ်းအနား ရုပ်သိမ်းကာ ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)