ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၁၄−၂၀၂၅ ခုနှစ်၊ ဆီထွက်သီးနှံ၊ ဆောင်းနေကြာစိုက်ပျိုးထုတ်လုပ်ရေးအတွက် ဆင်းရွှေကြာ (၂)၊ နေကြာမျိုးစေ့နှင့် ကိုက်လန်မျိုးစေ့ပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ဟားခါး နိုဝင်ဘာ ၇

၂၀၂၁၄−၂၀၂၅ ခုနှစ် ၊ ဆီထွက်သီးနှံ ၊ ဆောင်းနေကြာ စိုက်ပျိုးထုတ်လုပ်ရေးအတွက် ဆင်းရွှေကြာ(၂)၊ နေကြာမျိုးစေ့နှင့် ကိုက်လန်မျိုးစေ့ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချို၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဟားခါးမြို့နယ်ရှိ တောင်သူများ တက်ရောက်ကြသည်။

ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်ဝုန်ဆွန်းထန်က နိုင်ငံတော်အနေဖြင့် စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံအားထားလျက်ရှိပြီး စားရေရိက္ခာဖူလုံရေးနှင့် ဆီဖူလုံမှုရှိစေရေးကို တွန်းအားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ချင်းပြည်နယ်အနေဖြင့် ပြည်နယ်အတွင်း ၂၀၂၂−၂၀၂၃ ခုနှစ်တွင် ဆီထွက်သီးနှံစိုက်ဧကမှာ ( ၁၁၁၁၇ ) ဧကဖြစ်ပြီး အထွက်စုစုပေါင်း (၂၀၉၂၆၆ ) တင်းထွက်ရှိကာ ဆီဖူလုံမှုအနေဖြင့် ၃၁ ဒသမ ၀၈ ရာခိုင်နှုန်း ၊  ၂၀၂၃−၂၀၂၄ ခုနှစ်တွင် ဆီထွက်သီးနှံစိုက်ဧကမှာ (၁၁၁၄၄) ဧကဖြစ်ပြီး အထွက်စုစုပေါင်း (၂၁၈၁၁၉) တင်းထွက်ရှိကာ ဆီဖူလုံမှုအနေဖြင့် ၃၂ ဒသမ ၉၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ယခုနှစ် ၂၀၂၄−၂၀၂၅ ခုနှစ်တွင် ဆီထွက်သီးနှံစိုက်ဧကမှ (၁၁၇၀၃) ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီး ဆီဖူလုံမှုမှာ ၄၅ ဒသမ ၃၇ ရာခိုင်နှုန်း ဆောင်ရွက်လျက်ရှိပါကြောင်း ၊ ချင်းပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍတွင် အဓိကသီးနှံ (၁၀) မျိုး ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်လျက်ရှိရာ ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံကိုလည်း ပန်းတိုင်အထွက်နှုန်း ၅၀ တင်းရရှိအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် မျိုးကောင်းမျိုးသန့်များထုတ်လုပ်ခြင်း၊ မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးခြင်းတို့ကို ဆက်စပ်ဌာနများ၊ ကုမ္ပဏီအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ၊ ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တောင်သူများလိုသည့် မျိုးကောင်းမျိုးသန့်များရရှိရေး၊ သွင်းအားစုများ ပြည့်ပြည့်ဝဝအသုံးပြုနိုင်ရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် တောင်သူများအနေဖြင့် ရရှိလာသည့်မျိုးစေ့များကို အသုံးပြုစိုက်ပျိုးလျက် သီးနှံအထွက်နှုန်း တိုးတက်ရရှိ၍ လူမှုစီးပွားဘဝများ တိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးအပ်ပါကြောင်းဖြင့် အမှာစကားပြောကြားသည်။

ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးဦးက ၂၀၂၁၄− ၂၀၂၅ ခုနှစ် ၊ ဆီထွက်သီးနှံ ၊ ဆောင်းနေကြာ စိုက်ပျိုးထုတ်လုပ်ရေးအတွက် ဆင်းရွှေကြာ(၂)၊ နေကြာ မျိုးစေ့နှင့် ကိုက်လန်မျိုးစေ့ပေးအပ်လှူဒါန်းပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုးနှင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးဦးတို့က ဆင်းရွှေကြာ(၂) နေကြာမျိုးစေ့နှင့် ကိုက်လန်မျိုးစေ့များကို ပေးအပ်ရာ တောင်သူ ဦးဒေါ့သ်ကျုံး၊ ဦးလျန်မောင်းနှင့် ဦးရွန်ပဲန်းတို့က လက်ခံရယူကြကာ တောင်သူများကိုယ်စား ဦးဒေါ့သ်ကျုံးက ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနစသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ဌာနအလိုက် တောင်သူများ သိသင့်သိထိုက်သည့်အချက်များကို ရှင်းလင်းတင်ပြကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် တောင်သူများက ထပ်မံသိရှိလိုသည့်အချက်များနှင့် တင်ပြလိုသည့်အချက်များကို မေးမြန်းတင်ပြကြသည်။

တောင်သူများ၏ မေးမြန် တင်ပြချက်များအပေါ် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပြန်လည်ဖြေကြားခြင်းနှင့် ဆောင်ရွက်ပေးနိုင်သည့်အချက်များကို ပြန်လည်ရှင်းလင်းကြပြီး ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)