ဟားခါး နိုဝင်ဘာ ၇
ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းပြုစုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၅/၂၀၂၄) ကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းပြုစုတင်ပြရေးကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေး ဦးအောင်ချို၊ ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းပြုစုတင်ပြရေးကော်မတီအတွင်းရေးမှူး၊ ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်ဝုန်ဆွန်းထန်က ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းကို ပြုစုတင်ပြ နိုင်ရေးအတွက် ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းပြုစုတင်ပြရေး ကော်မတီဝင်များနှင့် ဌာနဆိုင်ရာအားလုံး အချိတ်အဆက်မိမိ ၊ စည်းစည်းလုံးလုံး ဆောင်ရွက်နေသည်ကို တွေ့ရှိရသည့်အတွက် အသိအမှတ်ပြုပါကြောင်း၊ ဤဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းကို အမှားအယွင်းကင်းကင်း၊ အဆင့်အတန်းရှိရှိ ပြုစုတင်ပြရမည်ဖြစ်၍ အစည်းအဝေးတက်ရောက်လာကြသူများက အပြုသဘောဖြင့် အကြံပြုဆွေးနွေးတင်ပြကြစေလိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းပြုစုတင်ပြရေးကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးက ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုမှတ်ပြုစုထားရှိများကိုရှင်းလင်းတင်ပြပြီး ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းပြုစုတင်ပြရေးကော်မတီအတွင်းရေးမှူး ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းကို စာမျက်နှာတစ်ခုချင်းစီအလိုက် Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းပြုစုတင်ပြရေးကော်မတီ အတွင်းရေးမှူး ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်၏ Power Point ဖြင့် ရှင်းလင်းတင်ပြမှုအပေါ် အစည်းအဝေးတက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်နယ်ဝန်ကြီးများက အကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ အကြံပြုဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)