နတ်မောက် နိုဝင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က စာပေလေ့လာ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အနာဂတ်တွင် အသိပညာဗဟုသုကြွယ်ဝသည့် နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များ ပေါ်ထွန်းလာစေရန် ပြိုင်ပွဲများ ကျင်းပပေးရခြင်း ဖြစ်ပါကြောင်းနှင့် ပြိုင်ပွဲဝင် ကျောင်းသား/သူများအား သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ “လမြတ်တန်ဆောင်” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲကျင်းပရာ အလယ်တန်းအဆင့် ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ အဆိုပါပြိုင်ပွဲသို့ နတ်မောက်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)မှ ဆရာ/မများ၊ ကျောင်းသား/သူ စုစုပေါင်း (၃၇) ဦး တက်ရောက်ကြသည်။
လှဝင်း