ဟိုပုံးမြို့နယ် ထီလင်းကျေးရွာ၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဒေသအသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သော ဒုတိယအကြိမ် ရှေ့ပြေးစီမံကိန်း (Pilot Project) ဖြစ်သည့် ဟိုပုံး/ဆီဆိုင်မြို့နယ် (မဲနယ်တောင်နှင့် ပွန်ချောင်းကြား)တွင် အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ဇန်နဝါရီလ(၁၅) ရက်နေ့က ထီလင်းကျေးရွာ၌ ကျင်းပပြုလုပ်သည်။