တောင်ဥက္ကလာပမြို့နယ် ပဒေသာဈေး၌ မီးဘေးလုံခြုံရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်

တောင်ဥက္ကလာပ   ဒီဇင်ဘာ  ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးလောင်မှုများမဖြစ်ပွားစေရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်၍ ကာကွယ်နိုင်ရန်အတွက် ယမန်နေ့က မီးဘေးလုံခြုံရေးကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ အမှတ်(၁၀)ရပ်ကွက် ပဒေသာစျေးတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မီးဘေးလုံခြုံရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးဇင်မင်းဦးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးအသုံးပြုကာ လက်တွေ့မီးငြှိမ်းသတ်ပြသခြင်းနှင့် အမြုပ်မီးသတ်ဆေးရည်ဖြင့်မီးငြှိမ်းသတ်ခြင်းများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများနှင့် စျေးသူ၊ စျေးသားကို လက်တွေ့မီးငြှိမ်းသတ်ခြင်းများ  ပြသဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မီးဘေးလုံခြုံရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်မြတ်မိုးနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးဆောင်ရွက်ခဲ့ကြပြီး မြို့နယ်မီးသတ်ဦးစီးဌာန အနေဖြင့် ဌာနဆိုင်ရာများနှင့် မီးဘေးလုံခြုံရေးကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းများသာမက အများပြည်သူများအား မီးဘေးအန္တရာယ် ကင်းဝေးစေရေးတို့အတွက် အသိပညာပေးနှိုးဆော်မှုများနှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)