ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြောက်လွတ်ကုန်းကျေးရွာနှင့် လေသာတောင်သာရပ်ကွက်သို့ သွားရောက်ငှားရမ်းပေးခဲ့သည်။

ပေါင်းတည်၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ပေါင်းတည်)၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်စာပေချစ်သူများအဖွဲ့(Book Club)၏ အစီအစဉ်ဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့် ပူးပေါင်းကာ ၂၀၂၅ ခုနှစ်၊ (၇၈) နှစ် မြောက်ပြည်ထောင်စုနေ့ အားကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပသည်။

တောင်တွင်းကြီးမြို့နယ် ပြည်သူစာကြည့်တိုက်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် ညဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် ညဏ်စမ်းပဟေဠိ​ပြိုင်ပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဘားအံပညာရေးဒီဂရီကောလိပ် အားကစားပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

 ၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဘားအံပညာရေးဒီဂရီကောလိပ် အားကစားပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက်ရောက်အားပေးချီးမြှင့်သည်။

ချောက်မြို့နယ်အတွင်း လေပြင်းဘေးကြိုတင်ကာကွယ်ရေး နေအိမ်ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်လျက်ရှိ

မ​ကွေးတိုင်းဒေသကြီး၊​​ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် လေပြင်းဘေးကြိုတင်ကာကွယ်​ရေးလုပ်ငန်းများကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ​ဦးစီး၍ ဆောင်ရွက်လျက်ရှိရာ ယမန်‌နေ့နံနက် (၉) နာရီအချိန်က ရေတွင်းချိုင့်ကျေးရွာ၊ ဇီးချိုပင်ကျေးရွာနှင့်​ အမှတ် (၁၀) ရပ်ကွက်၊ အမှတ် (၁၅) ရပ်ကွက်များသို့ ကွင်းဆင်း‌ဆောင်ရွက်ခဲ့သည်။

ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

စစ်ကိုင်းမြို့တွင် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေး ဟောပြောဆွေးနွေး

စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ တောင်သူများအား ဖိတ်ခေါ်၍ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝမြေဆွေး၊ မြေဩဇာလက်တွေ့အသုံးပြုသုံးစွဲနည်း အခမ်းအနားကို ဖေဖော်ဝါရီလ (၆) ရက်၊ နံနက်ပိုင်းက အဆိုပါရုံးတွင် ကျင်းပပြုလုပ်သည်။

ငါးသိုင်းချောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် လူငယ်များအသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေကြည်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အခြေခံပညာမူလတန်း၊ ရေတံခွန်ကျောင်း၌ ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

လပွတ္တာမြို့နယ်၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့အဝင်၌ ယနေ့နံနက် ၈ နာရီအချိန်က ၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

ဓနုဖြူမြို့နယ်၌ ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ကာ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ရွှေကညင်ပင်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ရွှေကညင်ပင်ကျောင်း ရွှေပညာခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to