ကော့သောင်းမြို့နယ်၌ ကျေးလက်လမ်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ချမ်းဖန်း-ဟတ်စခင်း-အော်ကြီးလမ်းကွန်ကရစ်လမ်း (၀/၅)မိုင်ခင်းခြင်း လုပ်ငန်းကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပိုင်ကျုံမြို့၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်‌ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ် အ.လ.ကတာကုန်းကျောင်းတွင် ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်း သိကောင်းစရာ ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တာကုန်းကျေးရွာ အ.လ.က တာကုန်းကျောင်းတွင် ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းသိကောင်းစရာဟောပြောပွဲကို ယမန်နေ့နံနက် ၁၀နာရီ အချိန်တွင်က  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်၌ မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၌ မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများကို ဖေဖော်ဝါရီ ၄ ရက်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝမ်းတွင်းမြို့နယ်ဦးစီးဌာနမှူး ဦးစိုးမင်းထံက သိရသည်။    

စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲနှင့် ပြိုင်ပွဲနှင့်များ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတနှင့် ပြည့်စုံ၍ ထူးချွန်ထက်မြက်သူလေးများ ဖြစ်ပေါ်လာစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်‌ပြီး စာပေလေ့လာဖတ်ရှုသည့် အလေ့အထများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့်ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကောလိပ်ရှိ မိုးလုံလေလုံ အားကစားရုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့၌ (KG) ကျောင်းသား၊ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းအချိန်က အခြေခံပညာအထက်တန်းကျောင်း(မိုင်းရှူး)နှင့် မိုင်းရှူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ KG ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၅၀၄)ဦးအား‌ ကျောင်းများအလိုက် အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ဥတ္တရခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း (လေသာ)၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကဗျာရွတ်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲ နှင့်နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကဗျာရွတ်ပြိုင်ပွဲ၊ စာအုပ်ပြပွဲ နှင့် နံရံကပ်စာစောင်ပြပွဲများပြုလုပ်ခြင်းကို ယမန့်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to