ရက်(၁၀၀)စီမံချက်ဖြင့် လွိုင်လင်မြို့ရှိ နွားမွေးမြူရေးခြံများတွင် ကာကွယ်ဆေးထိုးနှံပေး

လွိုင်လင် ဧပြီ ၂၄

နိုင်ငံတော်အစိုးရသစ်၏ရက်(၁၀၀)စီမံချက်ဖြင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လွိုင်လင်ခရိုင် ဦးစီးမှူး ဒေါက်တာအောင်ဆန်းဝင်း၊ မြို့နယ်ဦးစီးမှူး ဒေါက်တာထွန်းဇော်ဝင်းနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် လွိုင်လင်မြို့ရှိ နွားမွေးမြူရေးခြံများ၌ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပိုးသတ်ဆေးနှင့်အားဆေးများကိုအခမဲ့ ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဒေသနွားမွေးမြူရေးခြံနှင့် နို့စားနွားမွေးမြူရေးခြံများတွင် ရောဂါဖြစ်ပွားမှုမရှိစေရန်၊ မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျွဲ၊နွားလည်ချောင်းကွဲရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ၊ အစာအာဟာရအတွက်အားဆေးများနှင့် ရောဂါပိုးကူးစက်မှုမရှိစေရန်ပိုးသတ်ဆေးများ အခမဲ့ဖြန့်ဝေပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

လွိုင်လင်မိုး