ဥတ္တရသီရိမြို့နယ်တွင် ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ရွှေနံ့သာရပ်ကွက်၊ ဇလောင်းကျေးရွာနှင့် အောင်ချမ်းသာကျေးရွာများရှိ စက်ရုံ၊ အလုပ်ရုံများ၌ ဆောင်ရွက်ခဲ့သည်။