တာလေမြို့တွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ာ့ချရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

တာလေ ဧပြီ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မိုင်းလင်း (အနောက်) ကျေးရွာအုပ်စု၊ မခေကျေးရွာဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် တာလေမြို့သစ်တောဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇင်မင်းခန့်က အဖွင့်အမှာစကားပြောကြားပြီး တာချီလိတ်မြို့နယ်သစ်တောဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဆန်းမြင့်ထွေးက နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေးဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တာလေမြို့၊ မိုင်းလင်းကျေးရွာအုပ်စု နယ်မြေမီးသတ်စခန်းမှ တပ်ကြပ်ကြီးအောင်သန့်ဇင်က မီးဘေးအန္တရာယ်ကြိုတင်ကာ ကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ာ့ချရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)