မိုင်းခတ် ဧပြီ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက ရက် (၁၀၀) စီမံချက်ဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ရေးသရုပ်ပြ ပြုလုပ်ဆောင်ရွက်ခြင်းကိုယနေ့နံနက်ပိုင်းက မြို့မရဲစခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြိုနယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းဇင်ကိုလတ်က မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ Gas မီးဖိုမီးနှင့် ဆိုလာမီးများ လောင်ကျွမ်းပါက မီးငြှိမ်းသတ်ခြင်းနှင့် မီးလောင်မှုအမျိုးအစားများ၊ မီးဘေးလုံခြုံရေးအတွက် ဝန်ထမ်းများ လိုက်နာရမည့်အချက်များနှင့် မီးသတ်ဆေးဘူး စနစ်တကျကိုင်တွယ်အသုံးပြုပုံတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် မီးသတ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက လက်တွေ့မီးငြှိမ်းသတ်ခြင်းကို ဆက်လက်ပြသရာ မြို့မရဲစခန်းမှ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များက မီးငြှိမ်းသတ်ခြင်းကို စနစ်တကျလေ့ကျင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)