ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် အီးအမ်မြေဆွေး သဘာဝမြေဩဇာ ထုတ်လုပ်ခြင်းအလုပ်ရုံအား ဝင်ရောက်ကြည့်ရှု

အုတ်ဖို ဧပြီ ၂၈

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပန်းတင်ကျေးရွာအုပ်စု၊ ပန်းတင်ကျေးရွာရှိ အီးအမ်မြေဆွေး သဘာဝမြေဩဇာထုတ်လုပ်ခြင်း အလုပ်ရုံသို့ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ဝင်ရောက်ကြည့်ရှုခဲ့သည်။

ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဦးလွင်ဆန်းမြင့်၏ အီးအမ်မြေဆွေး သဘာဝမြေဩဇာထုတ်လုပ်ခြင်းအလုပ်ရုံမှ မြေဆွေးပုံများ ဆောင်ရွက်ထားမှုအခြေအနေ၊ မြေဆွေးပုံဆောင်ရွက်ရန်အတွက် နွားချေး၊ အီးအမ်၊ တင်လဲရည်များ စုဆောင်းထားရှိမှုအခြေအနေ၊ မြေဆွေးများအား ဇကာချဆောင်ရွက်နေမှုအခြေအနေ၊ အသုံးပြုရာတွင် ရေ၊ လေတို့ကြောင့် လေလွင့်ဆုံးရှုံးမှုမရှိစေရန်နှင့် လွယ်ကူထိရောက်စေရေးတို့အတွက် အခဲ (Granule) ပြုလုပ်အခြောက်ခံနေမှု အခြေအနေများအား ကြည့်ရှု၍ ပိုမိုတိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူ (အုတ်ဖို)