ကော့ကရိတ်မြို့၌ ရက် ၁၀၀စီမံချက်ဖြင့် ကျွဲ၊နွားများအား တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေးများ ထိုးနှံပေး

ကော့ကရိတ် မေ ၈

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရက် ၁၀၀ စီမံချက်ဖြင့် ယမန်‌နေ့နံနက်ပိုင်းက ကော့ကရိတ်မြို့၊ အမှတ်(၇) ရပ်ကွက်အတွင်းရှိ နွားမွေးမြူရေးခြံများ၌ တိရစ္ဆာန်ကူးစက် ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးများထိုးနှံရာတွင် ခေတ္တခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမိုးကျော်အောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊ မြို့နယ်စီမံကိန်းဦးစီးဌာနမှူး ဒေါ်ချိုမွန်၊ မြို့နယ်သမဝါယမဦးစီးဌာနမှူး ဒေါ်ချိုချိုဆန်းတို့မှ လာရောက်ကြည့်ရှုပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဒေါက်တာကျော်လွင်နှင့်ဝန်ထမ်းများက ဒေသနွားနှင့်နို့စားနွား (၅၀)ကောင်ကို ကျွဲ၊နွားလည်ချောင်းကွဲရောဂါကာ ကွယ်ဆေးထိုးနှံပေးခြင်း၊ တစ်နိုင်တစ်ပိုင် မွေးမြူထားသောဒေသကြက်များအား ကြက်လည်လိမ်ရောဂါကာ ကွယ်ဆေးမျက်စဉ်းခတ်ပေးခြင်း၊ နွားမွေးမြူ‌‌ရေးခြံပိုင်ရှင်များအား Retech ခြံဖြန်းပိုးသတ်ဆေးရည်များ အခမဲ့ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရှိ ရသည်။

ခရိုင်(ပြန်/ဆက်)