ကျိုက်ထို ဇူလိုင် ၁၀
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၇ ခု ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့တွင် ဘုန်းတော်ကြီးကျောင်းအသီးသီး၌ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
ယင်းသို့ လှူဒါန်းကြရာတွင် အလှူရှင်များက ရဟန်း၊ သာမဏေများအား ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဝါဆိုသင်္ကန်းများဆက်ကပ်ကာ ဆရာတော်များထံမှ ဥပုသ်သီလတရားတော်များနာယူခဲ့ကြောင်း သိရသည်။
ထို့ပြင် ဝါဆိုလပြည့်(ဓမ္မစကြာနေ့)၌ မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများတွင်လည်း ဘုရားဖူးပြည်သူများနှင့် စည်ကားခဲ့ကြောင်း သိရသည်။
ကျိုက်ထို (ပြန်/ဆက်)