ဟုမ္မလင်းမြို့ အ.ထ.က ကက်သာ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ဟုမ္မလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ဟုမ္မလင်းမြို့နယ်၊ ကက်သာစံပြကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း သရဖီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် (၇၈) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ကြံခင်းမြို့၌ အခွန်အမှတ်တံဆိပ်ပြေစာများဆိုင်ရာ အသိပေးဗီနိုင်းများကို လိုက်လံစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ ပြေစာအခွန်အမှတ်တံဆိပ်ကပ်နှိပ်စေရေးနှင့် "နိုင်ငံကြီးသားပီသစွာ ဤဆိုင်တွင် အခွန်ဆောင်ပါ" အသိပညာပေးကြေညာချက်ဗီနိုင်းကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးအတွက်ဆိုင်၏ လုပ်ငန်းဥပဒေစာတွင် ချိတ်ဆွဲထားခြင်း ရှိ/မရှိတို့ကို ယနေ့နံနက်ပိုင်းက မြို့နယ်အခွန်အထောက်အကူပြု အဖွဲ့က လိုက်လံစစ်ဆေးခဲ့ကြသည်။

ဟုမ္မလင်းမြို့တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် အ.ထ.က ကက်သာ၌ ၂၀၂၅ ခုနှစ်၊  (၇၈)နှစ်မြောက်၊ အာဇာနည်နေ့ အထိမ်းအမှတ်စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၁း၃၀)နာရီက ဟုမ္မလင်းမြို့နယ်၊ ကက်သာစံပြကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းစာသင်ခန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၁၀ နာရီက (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့နယ်တလိုင်းတောင်-ဇလွန်းကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းခင်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် ကျေးလက်နေပြည်သူများအတွက် တလိုင်းတောင်-ဇလွန်း ကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ရန် ယမန်နေ့နံနက်ပိုင်းက ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ မြို့နယ်တာဝန်ခံတို့ ကြည့်ရှုစစ်ဆေးသည်။

မြိတ်တက္ကသိုလ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ရှင်းလင်းပြသခြင်းနှင့် မဲပေးခြင်းစမ်းသပ်သရုပ်ပြ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်၊ တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းမင်းလတ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်(၁၀)နာရီက မြိတ်တက္ကသိုလ် ပုလဲသစ္စာခန်းမ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မြိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးကျင်းပသည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ရှင်းလင်းပြသခြင်း၊ သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားတက်ရောက်သည်။
Subscribe to