ညောင်တုန်း ဇူလိုင် ၁၁
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် (၇၈) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်နှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့ဝင် ဦးမြင့်ဟန်တို့က (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပရည်ရွယ်ချက်များနှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဆောင်ရွက်မှုမှတ်တမ်းများစသည် အာဇာနည်နေ့နှင့်ပတ်သက်သည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များပြသခဲ့ကြောင်း သည်။
မြိူ့နယ် (ပြန်ဆက်)