ကြံခင်း ဇူလိုင် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ ပြေစာအခွန်အမှတ်တံဆိပ်ကပ်နှိပ်စေရေးနှင့် "နိုင်ငံကြီးသားပီသစွာ ဤဆိုင်တွင် အခွန်ဆောင်ပါ" အသိပညာပေးကြေညာချက်ဗီနိုင်းကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးအတွက်ဆိုင်၏ လုပ်ငန်းဥပဒေစာတွင် ချိတ်ဆွဲထားခြင်း ရှိ/မရှိတို့ကို ယနေ့နံနက်ပိုင်းက မြို့နယ်အခွန်အထောက်အကူပြု အဖွဲ့က လိုက်လံစစ်ဆေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးပြည့်သိမ်းကျော်၊ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးအောင်လင်းနှင့် ဝန်ထမ်းများ၊ မြို့မစခန်းမှူး ဒုရဲမှူးလှခိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဌေးမြင့်အောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
ဖြိုးဝေလင်း (ပြန်/ဆက်)