ဂမ္ဘီရ စိန္တာမယ ဆရာနန်းအောင်လှိုင်၏ 'ဒေဝဝိဇ္ဇာရှင်အမေရေယဥ်နှင့် 'ပညာသည်တစ်ဦး၏ ဘဝခရီး စာအုပ်နှစ်အုပ် မိတ်ဆက်ပွဲကို ဇူလိုင် ၁၂ ရက် နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ သိမ်ဖြူလမ်း သတင်းနှင့်စာနယ်ဇင်းရုံးရှိ ရွှေဥဒေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံစာရေးဆရာ အသင်းဗဟို ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးထွန်း (မောင်စိမ်းနောင် - လယ်ဝေး)၊ အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ - ကြို့ပင်ကောက်)၊ တွဲဖက်အတွင်းရေးမှူး (၃) ဦးအောင်ကြည် (အောင်ကြည်ညွန့် - တက္ကသိုလ်)နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။