ပုလောမြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပုလော ဇူလိုင် ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ပုလောမြို့ အမှတ်(၇) အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းယုက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးမော်က  အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ ကျောင်းသားလူငယ်များအနေဖြင့် ပျော်ရွှင်သောဘဝ၊ ကောင်းမွန်သောဘဝကို ရရှိခံစားနိုင်ဖို့ ပညာတတ်ရန် လိုအပ်ကြောင်း၊ ပညာတတ်မှ ကောင်းမွန်သောအလုပ်ကို ရွေးချယ်ခွင့်ရှိလာမည် ဖြစ်သောကြောင့် ပညာာကို ကြိုးစားသင်ယူသင့်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။      

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိသော နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်းနှင့် နေ့လယ် ၁ နာရီတွင် ပုလောမြို့ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်းတွင် အသိပညာပေး ဟောပြောပွဲကို ဆက်လက် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)