တန့်ယန်းမြို့နယ်တွင် ယဉ်ကျေးလိမ္မာသင်တန်း စာမေးပွဲအောင်မြင်သူများအား စာအောင်ဆုပေးအပ်ချီးမြှင့်

တန့်ယန်း ဇူလိုင် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ယဉ်ကျေးမှုစာမေးပွဲ ကျင်းပရေး ကော်မတီမှ ကြီးမှူးဖွင့်လှစ်ခဲ့ပြီးသော ယဉ်ကျေးလိမ္မာသင်တန်းတွင် တက်ရောက်ကာ စာမေးပွဲအောင်မြင်သူများအား စာအောင်ဆုပေးအပ်ချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက အမှတ်(၁၀)ရပ်ကွက်ရှိ ကိုင်းကုန်းပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။

အဆိုပါ စာအောင်ဆုပေးအပ်ချီးမြှင့်ပွဲတွင် ကိုင်းကုန်းပရိယတ္တိစာသင်တိုက် ဦးစီးပပဓာနနာယက ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလထံမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်တို့မှ ဌာနဆိုင်ရာအကြီးအကဲများ၊ နည်းပြဆရာဆရာမများ၊ သင်တန်းသားသင်တန်းသူများက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် စာအောင်ဆုရရှိကြသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်တို့မှ ဌာနဆိုင်ရာအကြီးအကဲများက ပထမ၊ ဒုတိယ၊ တတိယနှင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)