ခရမ်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား စားအုန်းဆီများ ဖြန့်ဖြူးရောင်းချ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စား အငြိမ်းစားများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ဝယ်ယူရရှိနိုင်စေရန်ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ စာအုန်းဆီအိမ်တိုင်ရာရောက်ဖြန့်ဖြူးရောင်းချရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် စားအုန်းဆီများ ဖြန့်ဖြူးရောင်းချခြင်းကို ယမန်နေ့နံနက် (၇)နာရီမှ စတင်၍  မြို့နယ်သကျမာရဇိန်သွန်းဘုရားကြီးဝန်းအတွင်း ရောင်းချပေးခဲ့‌ကြောင်း သိရသည်။

အခြေခံပညာအထက်တန်းကျောင်း (မြို့မ)၌ လူငယ်စကားဝိုင်းနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

အခြေခံပညာအထက်တန်းကျောင်း (မြို့မ)၌ လူငယ်စကားဝိုင်းနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ လှည်းကူး ဇူလိုင် ၂၅ အေးအေးနွဲ့ (ပြန်/ဆက်)

မင်္ဂလာဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ “ကလေးအလုပ်သမားပပျောက်ရေး” အသိပညာပေး Talk Show ပြုလုပ်

မင်္ဂလာဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ “ကလေးအလုပ်သမားပပျောက်ရေး” အသိပညာပေး Talk Show ပြုလုပ် မင်္ဂလာဒုံ ဇူလိုင် ၂၅ ဦးသိန်းထွန်းအောင်

ရွှေဘိုမြို့၌ အ‌ခြေခံစာကြည့်တိုက်ပညာသင်တန်း(၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကျင်းပ

ရွှေဘိုမြို့၌ အ‌ခြေခံစာကြည့်တိုက်ပညာသင်တန်း(၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကျင်းပ ရွှေဘို ဇူလိုင် ၂၅ ခရိုင်ပြန်/ဆက်

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဥပဒေပညာတက်ရောက်နေသည့် ကျောင်းသား/ကျောင်းသူများ လာရောက်လေ့လာ

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဥပဒေပညာဌာနမှ ကျောင်းသား၊ ကျောင်းသူများအတွက် စာတွေ့၊ လက်တွေ့ပေါင်းစပ်လေ့လာနိုင်ရန်၊ တရားခွင်တွင် အမှုစစ်ဆေးစီရင်မှုများကို မျက်မြင်လေ့လာနိုင်စေရန်နှင့် ဥပဒေပညာသင်ကြားရခြင်း၏ အကျိုးကျေးဇူးများကို သိရှိစေပြီး ဘာသာရပ်အပေါ် ထိထိမိမိ လေ့လာသင်ယူလိုစိတ်များ တိုးပွားလာစေရန်ရည်ရွယ်၍ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဥပဒေပညာဌာနမှ ဆရာ/ဆရာမများ ကြီးကြပ်လျက် စတုတ္ထနှစ်/ပဉ္စမနှစ် ကျောင်းသား၊ ကျောင်းသူများအပါအဝင် စုစုပေါင်း(၆၆)ဦးသည် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ဇူလိုင် ၂၃ ရက် မွန်းလွဲပိုင်းက လာရောက်လေ့လာခဲ့ကြသည်။

တိုက်ကြီးမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်သစ်တောဦးစီးဌာနကကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၉ နာရီက ဥက္ကံမြို့၊ ကျွဲပုန်းလေးကျေးရွာ(ဗမာစု)နှင့် ပိန္နဲကုန်းကျေးရွာ ကျေးရွာချင်းဆက်လမ်း၌ ကျင်းပခဲ့သည်။

ဗိုလ်တထောင်မြို့နယ် အမှတ်(၁)ရပ်ကွက် လေပြင်းတိုက်ခတ်မှုဖြစ်ပွား

ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်း၌ ယမန်နေ့ နံနက် ၇ နာရီ ၅ မိနစ်အချိန်ခန့်က ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် ဗိုလ်တထောင်မြို့နယ် အမှတ်(၁)ရပ်ကွက်ရေနံလိုင်း၊ မြနန္ဒာရိပ်သာအိမ်ရာ၊ မီးပြဝန်းများတွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များလဲခြင်း၊ နေအိမ်ခေါင်မိုးများ လွင့်စင်ခြင်း၊ နေအိမ်လိုင်းခန်း (၅) ခန်းခန့် သစ်ပင်ပိခြင်း ဖြစ်ပွားခဲ့ရာ အိမ်များ ပျက်စီးမှုများဖြစ်ပွားခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
Subscribe to