ခရမ်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား စားအုန်းဆီများ ဖြန့်ဖြူးရောင်းချ

ခရမ်း ဇူလိုင် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စား အငြိမ်းစားများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ဝယ်ယူရရှိနိုင်စေရန်ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ စာအုန်းဆီအိမ်တိုင်ရာရောက်ဖြန့်ဖြူးရောင်းချရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် စားအုန်းဆီများ ဖြန့်ဖြူးရောင်းချခြင်းကို ယမန်နေ့နံနက် (၇)နာရီမှ စတင်၍  မြို့နယ်သကျမာရဇိန်သွန်းဘုရားကြီးဝန်းအတွင်း ရောင်းချပေးခဲ့‌ကြောင်း သိရသည်။

ထိုသို့ ရောင်းချပေးရာတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား(၁)ဦးလျှင် စားအုန်းဆီ ၂ ပိဿာ ၇၅ ကျပ်သားဘူး(၁)ဘူးလျှင် (၂၁၅၀၀/-) နှုန်းဖြင့် ဖြန့်ဖြူးရောင်းချ‌ပေးလျက်ရှိရာ စားအုန်းဆီ ၃၃၀၀ ပိဿာအား နိုင်ငံ့ဝန်ထမ်းပင်စင်စားပြည်သူများ လက်ဝယ်အရောက် စနစ်တကျဖြန့်ဖြူးရောင်းချပေးခဲ့‌ကြောင်း သတင်းရရှိသည်။

ခရမ်း (ပြန်/ဆက်)