ကလိန်အောင်မြို့၌ တရားမဝင်သစ်တုံး (၈၇) တုံးနှင့် ယာဉ် (၂) စီး သိမ်းဆည်းရမိ
ကလိန်အောင် ဇန်နဝါရီ ၇
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ နတ်အိမ်တောင်သွားကားလမ်းတွင် ဇန်နဝါရီ ၆ ရက် မနက် ၉ နာရီခန့်က တရားမဝင်သစ်သားစကွဲယားတုံး (၈၇) တုံးနှင့် ယာဉ်(၂)စီး သိမ်းဆည်းရမိကြောင်း သိရသည်။