ကျောက်ဆည်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ တက္တသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်သင်ဆရာ၊ ဆရာမများနှင့် တွေ့ဆုံဆွေးနွေး
ကျောက်ဆည် ဇန်နဝါရီ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် တက်ရောက်ပညာသင်ယူနေကြသည့် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက်မြင့်မားစေရေးအတွက် ယနေ့ နံနနက်(၉)နာရီက မန္တလေး တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်သန်းမြင့်နှင့် တာဝန်ရှိသူများသည် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဘာသာရပ်သင်ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပြီး ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။