လက်ပံတန်းမြို့နယ်တွင် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းကောင်စာရင်း ကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်
လက်ပံတန်း ဇန်နဝါရီ ၆
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေသန်းကောင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၂ ရက်နေ့မှ ၁၅ရက်နေ့ အထိ ဆောင်ရွက်သွားမည် ဖြစ်သည်။
အဆိုပါ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ ကော်မတီဝင်များက မြို့နယ်အတွင်း ကျေးရွာအုပ်စု(၁၁)အုပ်စု၊ ရပ်ကွက်(၂) ရပ်ကွက်ကို စာရင်းကောက်ယူရေး အဖွဲ့(၂) ဖွဲ့မှ အဖွဲ့ဝင်(၇)ဦးဖြင့် ဇန်နဝါရီလ ၂ရက် နေ့မှ စတင် ကောက်ယူလျက်ရှိသည်။