ရန်ကုန် ဇူလိုင် ၂၇
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့နံနက်ပိုင်းကစတင်၍ အခြေခံပညာကျောင်းများ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website မှတစ်ဆင့် ထုတ်ပြန်ကြေညာပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင် ဗဟန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
ဗဟန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ဖြေဆိုသူစုစုပေါင်း(၇၇၀)ဦး ဖြေဆိုမှုတွင် အောင်မြင်သူ စုစုပေါင်း(၅၄၀)ဦး ဖြေဆိုအောင်မြင်ကြပြီး ရာခိုင်နှုန်းအားဖြင့် (၇၀.၁၃%)ဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)