ကျောက်ဆည်မြို့နယ်တွင် မိုးရာသီ စိုက်ပျိုးစရိတ် ကျပ်သိန်း ၂၀၀၀၀ ထုတ်ချေးမည်

ကျောက်ဆည် ဇူလိုင် ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများ ကြွေးမြီ ကင်းရှင်းပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ ကျောက်ဆည် ခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးလျက်ရှိရှာ ယနေ့ နံနက် ၉နာရီအထိ ငွေကျပ် သိန်း ၄၂၀၀ ကျော်ကို ထုတ်ချေး ပေးပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ ထုတ်ချေးပေးရာ၌ လယ်သီးနှံဖြစ်သည့် စပါးတစ်ဧကတွင် ငွေကျပ် တစ်သိန်းခွဲ၊ ယာသီးနှံများဖြစ်သည့် ကုလားပဲ၊ ပဲတီစိမ်း၊ ချည်မျှင်ရှည်ဝါ သီးနှံများအတွက် တစ်ဧက ငွေကျပ်တစ်သိန်းနှုန်းဖြင့် ကျေးရွာ အုပ်စု(၂၈)အုပ်စုမှ တောင်သူ(၆၁၇)ဦး၏ စပါးသီးနှံ(၂၃၃၄)ဧက၊ ပဲတီစိမ်းသီးနှံ (၆၅၁)ဧက၊ ချည်မျှင်ရှည်ဝါသီးနှံ(၅၉)ဧက၊ ကုလားပဲသီးနှံ(၁၀)ဧက စုစုပေါင်းသီးနှံမျိုးစုံ(၃၀၅၄)ဧကအတွက် စိုက်ပျိုးချေးငွေကျပ်  ၄၂၂၁၀၀၀၀၀ ကို ထုတ်ချေးပေးပြီးဖြစ်ကြောင်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျောက်ဆည်ခရိုင်ဘဏ်ခွဲအနေဖြင့် တောင်သူများလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး  ၂၀၂၅ ခုနှစ် မိုးရာသီ၌ စိုက်ပျိုးစရိတ်ချေးငွေကျပ်သိန်းပေါင်း ၂၀၀၀၀  ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)