ကျုံပျော်မြို့နယ်တွင် ၈ တန်းနှင့် ၄ တန်းစာမေးပွဲ ကို ၇၉၇၆ ဦး ဝင်ရောက်ဖြေဆို

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်အတွက် ၈ တန်းနှင့် ၄ တန်း နှစ်ဆုံးစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇၉၇၆ ဦး ဝင်ရောက် ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူထံမှ သိရသည်။

လေးမျက်နှာ မြို့နယ်တွင် စာစစ်ဌာန ( ၆ ) ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ (၂၁၄၉) ဦး ဝင်ရောက်ဖြေဆိုမည်

၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ ၁၁ ရက်မှ ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် စာစစ်ဌာန (၆) ခု၌ တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသား/ကျောင်းသူ (၂၁၄၉) ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း(ဗဟို)၏ ချင်းပြည်နယ်အတွင်း စာကြည့်တိုက်များအတွက် အလှူငွေနှင့် စာအုပ်စာစောင်များပေးအပ်ပွဲ အခမ်းအနားကျင်းပ

မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း(ဗဟို)၏ အစီအစဉ်ဖြင့် ချင်းပြည်နယ်အတွင်း စာကြည့်တိုက်များအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ဟားခါးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။

အင်းစိန်ရွာမချောင်းတံတား တည်ဆောက်နေမှု ကွင်းဆင်းကြည့်ရှု

အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ နယ်မြေ (၅) တွင် တည်ဆောက်လျက်ရှိသော ရွာမ ချောင်းကူးတံတား တည်ဆောက်နေမှုအား ယမန်နေ့ နံနက်ပိုင်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်နော်လှလှစိုး၊ တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်နှင့် တိုင်းဒေသကြီး (၂) လွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်တို့က ကွင်းဆင်းကြည့်ရှုခဲ့သည်။

မိုးညှင်းတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်လှစ်

မိုးညှင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန၌ကျင်းပသည်။

မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ချောင်းသာဇုန်၏ အဋ္ဌမအကြိမ် အမှုဆောင် ရွေးချယ် တင်မြှောက်ပွဲ ကျင်းပ

ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့တွင် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ချောင်းသာဇုန်၏ ၂၀၂၀ - ၂၀၂၃ အဋ္ဌမအကြိမ် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲကို ယမန်နေ့ နံနက်ပိုင်းက SWEN HOTEL ၌ကျင်းပခဲ့သည်။

ဘုတလင်မြို့နယ်တွင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးသင်တန်း ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ဘုတလင်မြို့၊ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဂန့်ဂေါမြို့ သာသနာ့ဗိမာန်တော်ကြီး၌ ယောဆရာတော်၏ ဓမ္မသဘင်ကျင်းပ

တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အရှင်သိရိန္ဒာဘိဝံသ ယောဆရာတော်၏ ဓမ္မသဘင်ကို ယမန်နေ့ ည ၇ နာရီအချိန်တွင် သာသနာ့ဗိမာန်တော်၌ ဆင်ယင်ကျင်းပသည်။

ဝက်လက်မြို့၌ မီဘေးလုံခြုံရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ ဝင်များသည် ယနေ့နံနက် ၇ နာရီအချိန်မှစတင်၍ ရွာသာကြီးကျေးရွာ စက်သုံးဆီများကို မီးဘေး လုံခြုံရေး အသိပညာပေးခြင်းနှင့် မီးသတ်ဆေးဘူး စနစ်တကျ အသုံးပြုတတ်စေရေများ သင်ကြားပေးသည်။

ငပုတောမြို့နယ်၌ စွမ်းအားမြှင့်မီးဖိုများ အခမဲ့ဖြန့်ဖြူး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်း၌ လျှပ်စစ်မရရှိဘဲ ထင်းသုံးစွဲ နေရသည့် ကျေးရွာအုပ်စု ၆၅ အုပ်စုမှ အိမ်ထောင်စု ၅၄၀၀၀ ထံသို့ စွမ်းအားမြှင့် မီးဖိုများကို နှစ်ကြိမ်ခွဲ၍ အခမဲ့ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ငပုတောမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
Subscribe to