ပုလဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ ၃၅၀၀ ကျော် ဝင်ရောက်ဖြေဆိုမည်
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံအတွင်း အခြေခံပညာကျောင်းများရှိ စာစစ်ဌာနများ၌ မတ်လ ၁၁ ရက်နေ့မှစတင်၍ မတ်လ ၂၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းရှိ စာစစ်ဌာန (၈)ခု၌ ကျောင်း သား၊ ကျောင်းသူ ၃၅၀၀ ကျော် ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။