မြို့နယ်အတွင်းရှိ တောင်သူများ မိုးရာသီစိုက်ပျိုးရေးစရိတ် ချေးငွေများ(၇၁.၅၂)ရာခိုင်နှုန်းကျော် ပြန်လည် ပေးဆပ်ပြီးဖြစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်းရှိ တောင်သူများ မိုးရာသီစိုက်ပျိုးရေးစရိတ် ချေးငွေများ ဖေဖော်ဝါရီလ(၂၄)ရက်နေ့အထိ ချေးငွေအားလုံး၏(၇၁.၅၂)ရာခိုင်နှုန်းအား ပြန်လည်ပေးဆပ်ပြီးဖြစ်ကြောင်း မုံရွာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်မန်နေဂျာ ဦးဘိုစိုး၏ ပြောကြားချက်အရ သိရသည်။