မိုဘိုင်းဖုန်း အပလီကေးရှင်းမှတစ်ဆင့် ငှက်ဖျားလူနာမှတ်တမ်း သတင်းပို့ခြင်း မွမ်းမံသင်တန်းဖွင့်လှစ်
Save The Children အဖွဲ့မှ စီစဉ်ကျင်းပသည့် မိုဘိုင်းဖုန်းအပလီကေးရှင်းမှတစ်ဆင့် ငှက်ဖျားလူနာ မှတ်တမ်းသတင်းပေးပို့ခြင်း မွမ်းမံသင်တန်းကို မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် (၁၀)နာရီက ဖွင့်လှစ်ခဲ့သည်။