ရွှေဘိုမြို့တွင် ဆန်စပါးမျိုးသန့်မျိုးစေ့ ရရှိသုံးစွဲနိုင်မှု မြှင့်တင်ရေးစီမံကိန်းဒုတိယနှစ် ပဉ္စမအကြိမ်မြောက် သင်တန်း ဖွင့်လှစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ဂျပန်အပြည်ပြည်ဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)နှင့် စိုက်ပျိုးရေး ဦးစီးဌာန(DOA)တို့ ပူးပေါင်းဆောင်ရွက်သော ဆန်စပါးမျိုးသန့်မျိုးစေ့ ရရှိ သုံးစွဲနိုင်မှု မြှင့်တင်ရေးစီမံကိန်း ဒုတိယနှစ် ပဉ္စမအကြိမ်မြောက် သင်တန်းကို ယနေ့နံနက် ၈ နာရီက ရွှေဘို ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။