ခရမ်းမြို့နယ်အတွင်း ငါးမွေးတောင်သူများအား ထောက်ပံ့မည့် ငါး‌သားပေါက်များအား ကွင်းဆင်းစစ်ဆေး

ခရမ်း ဩဂုတ် ၂၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ငါးမွေးတောင်သူများအား ထောက်ပံ့ပေးနိုင်ရေးအတွက် ခရမ်းမြို့နယ် တင်ဒါ အောင်မြင်ခဲ့သည့် ငါးသားဖောက်စခန်းများသို့ ယနေ့ နံနက် ၈ နာရီက ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူးနှင့် တာဝန်ရှိသူများက ငါးသားဖောက်ကန်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ ရန်ကုန်တောင်ပိုင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအေးနိုင်၊ ခရမ်း မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးမျိုးတင့်နှင့် တာဝန်ရှိသူများက ခရမ်းမြို့နယ်အတွင်း ကိုဗစ် ၁၉ ကာလ ငါးမွေးတောင်သူများအား အခမဲ့ဖြန့်ဖြူး ပေးမည့် ငါးသားပေါက်များအတွက် တင်ဒါ အောင်မြင်ခဲ့သည့် ကမာမက်ကျေးရွာ ငါးသားပေါက်စခန်းတွင် သားဖောက် အောင်မြင် ထားသည့် ငါးသားပေါက်များ၏ လက်ရှိအခြေအနေနှင့် ဖြန့်ဖြူးပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမူများအား ကွင်းဆင်း စစ်ဆေးခဲ့ကြပြီး လိုအပ်ချက်များအား လမ်းညွှန်မှာကြားပေးခဲ့ကြောင်း သိရသည်။

ခရမ်းမြို့နယ်အတွင်း ငါးမွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုရသည့်သူများနှင့် စားသုံး ကြသူ ပြည်သူများ ဈေးနှုန်း သင့်စွာဖြင့် သန့်ရှင်းလက်ဆက်၍ ကျန်းမာရေးနှင့်ညီညွတ်သည့် ငါးအသား စားသုံးနိုင်စေရေးနှင့် မြို့နယ်အတွင်း ငါးမျိုးပြုန်တီးမှုမရှိ ရေးအတွက် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ငါးမွေးမြူရေးလုပ်ငန်းရှင်များအား မျိုးကောင်းမျိုးသန့် ငါးသားပေါက် များအား မကြာမီ အခမဲ့ဖြန်ဖြူးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရှိရသည်။

ကိုမင်း(ခရမ်း)