ကျိုက်မရော သြဂုတ် ၂၆
မွန်ပြည်နယ်၊ကျိုက်မရော မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း (mask) များ တပ်ဆင်ခြင်း ရှိ/မရှိစစ်ဆေး ဆောင်ရွက်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၉ နာရီ က လူစည်ကားရာနေရာဖြစ်သည့် ကျိုက်မရော-ကျွန်းရွာ ကားလမ်းဆုံ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်မှုရှိရေး လှုပ်ရှားဆောင်ရွက်မှုကို မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ ပူးပေါင်း၍ မဖြစ်မနေခရီးသွားလာနေကြ သည့် ပြည်သူများ၊ လမ်းသွားလမ်းလာများ၊ စျေးရောင်းစျေးဝယ်သူများအား နှာ ခေါင်းစည်းများ တပ်ဆင်ခြင်း ရှိ/မရှိကို အထူးကြပ်မတ် စစ်ဆးကာ နှာခေါင်းစည်းမတပ်ဆင်လာသူများအား (mask) ခုရေ ၅၀၀ခ န့်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချိုချို (ပြန်/ဆက်)