လမ်းမတော်မြို့နယ် UMFCCI တွင် အာရှဖောင်ဒေးရှင်းမှ ဆောင်ရွက်လျက်ရှိသော “မြန်မာ့စီးပွားရေး ဝန်းကျင်ညွှန်းကိန်း - ၂၀၂၀” ဒုတိယအကြိမ် သုတေသန လေ့လာတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး
လမ်းမတော်မြို့နယ် UMFCCI တွင် အာရှဖောင်ဒေးရှင်းသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပံ့ပိုးကူညီပေးမှုဖြင့် “မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်းကိန်း-၂၀၂၀” ဒုတိယအကြိမ် သုတေသန လေ့လာတွေ့ရှိချက်များကို စာတမ်းပြုစုခဲ့ပြီးဖြစ်၍ ယမန်နေ့တွင် အဆိုပါ လေ့လာ တွေ့ရှိ ချက်များကို Power Point Presentation ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်သည်စက်မှုအသင်းချုပ်မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါက်တာဝင်းစည်သူနှင့် အလုပ် အမှုဆောင်များ တက်ရောက်ခဲ့ကြ သည်။