သီပေါမြို့နယ် နမ့်လန်ကျေးရွာ၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး ကွင်းဆင်းစစ်ဆေး
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် နမ့်လန်ကျေးရွာအုပ်စု၊ နမ့်လန်ကျေးရွာတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)နေ့ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရန် တိုက်ဆိုင်စစ်ဆေးခြင်းများကို ယမန်နေ့ နံနက် ၁၀ နာရီက နမ့်လန်ကျေးရွာရှိ မဲရုံ(၉)သို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။