ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း လက်ဘက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များအတွက် ချေးငွေထုတ်ချေးရန် စာရင်းကောက်ယူ

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း ထိခိုက်နစ်နာခဲ့သော လက်ဘက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များအတွက် အထူးသက်သာသော အတိုးနှုန်းဖြင့် ချေးငွေထုတ်ချေးရန် ယနေ့နံနက်ပိုင်းက ကွင်းဆင်းစာရင်းကောက်ယူခဲ့ကြောင်း သိရှိရသည်။

မွန်ပြည်နယ်၊ လမိုင်းမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ပြုလုပ်

မွန်ပြည်နယ်၊ လမိုင်းမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့ နံနက်၁၁ နာရီက လမိုင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသစ် အဆောက်အဦးဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသစ်အား ယနေ့ နံနက်ပိုင်းက ဘုရားနေကဇာတင်၊ ဝါဆိုသင်္ကန်းကပ်၊ အာရုံဆွမ်းကပ်၊ တရားနာပြီး ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ငါးမွေးတောင်သူများအား ငါးသားပေါက်အကောင်ရေ (၃၃၄၂၀) အခမဲ့ ထောက်ပံပေးအပ်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အတွင်းရှိ ငါးမွေးမြူခြင်း(ယာယီ)လိုင်စင်ဖြင့် ငါးမွေးမြူရေး ဆိုင်ရာ အခွန်အခ ပေးဆောင်ပြီး ငါးမွေးမြူရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသော ငါးမွေး တောင်သူများထံသို့ ကိုဗစ်-၁၉ (Economic Relief Plan) (Action Plan)အရ ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၈:၃၀)နာရီအချိန်က မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ခန္တီးမြို့တွင် ရွေးကောက်ပွဲဆိုင်ရာဆင့်ပွားသင်တန်းဖွင့်

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်ချက်များ နှင့် ပတ်သက်၍ ရပ်ကွက်၊ ကျေးရွာအုပ်စုများအား ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွား သင်တန်းကို ယနေ့ နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ သင်တန်းဖွင့်လှစ်သည်။

မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး(Talk Show) ကိုယမန်နေ့ နေ့လယ် ၁နာရီက လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ပြုလုပ်ခဲ့သည်။

အင်းတော်မြို့နယ် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အဦသစ် ဖွင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြိုနယ် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၀ ခုနှစ်၊ ယနေ့ နံနက် ၉ နာရီခွဲ အချိန်က အဆိုပါ ရုံးသစ် အဆောက်အအုံသစ်ရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်လောင်း(၂၃)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင်၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက်ဝင်ရောက် ယှဉ်ပြိုင်ကြသည့် လွှတ်တော်ကိုယ်စား လှယ်လောင်းအမည်စာရင်းများကို ယမန်နေ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးရှေ့၌ ကပ်ထားကြေညာထားရှိရာ မုဒုံမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ်လောင်း (၂၃)ဦးဝင်ရောက် အရွေးခံမည်ဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ COVID – 19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ပြည်သူများ နှာခေါင်းစည်း တပ်ဆင်သွားလာရန် ကြပ်မတ်စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် COVID – 19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပြည်သူများ အပြင်သွားလာရာ၌ နှာခေါင်းစည်းများ တပ်ဆင်သွားလာရန် အသိပညာပေးလှုပ်ရှားမှုကို ယနေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူ - စလင်း - မင်းဘူးသွားကားလမ်း ပွင့်ဖြူမြို့အဝင်/အထွက်နေရာတွင် စုရပ်ပြုလုပ်၍ နှာခေါင်းစည်း မပါဘဲ အပြင်သွား လာသူများကို ဖမ်းဆီးအရေးယူခြင်းများ ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကသာမြို့ရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ကသာမြို့ရှိ ဒေသခံပြည်သူများအနေဖြင့် လက်ရှိကူးစက်ပြန့်ပွား နေသည့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ မပြန့်ပွားရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။
Subscribe to