မင်းတပ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဆန်နှင့်ဆီ ထောက်ပံ့ပေးအပ်

မင်းတပ်  စက်တင်ဘာ  ၇

မင်းတပ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း သက်သာချောင်ချိရေးအတွက် ဆန်နှင့်ဆီ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးမောင်ထူးက အရာထမ်းနှင့်အမှုထမ်း ဝန်ထမ်းများအား ယခုအချိန်သည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်သည့်အတွက် ကျန်းမာရေး အထူးဂရုစိုက်ကြရန်၊ အပြင်ထွက်သည့် အချိန်တွင်လည်း နှာခေါင်းစည်းများ သေချာစွာ စနစ်တကျ တပ်ဆင်ကြရန်နှင့် အလုပ်ကိုစည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် ကြိုးစား လုပ်ကိုင်ကြရန်၊ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဝန်ထမ်းတစ်ဦးလျှင် ဆန်ခြောက်ပြည်၊ ဆီတစ်ပိဿာနှင့် ကြက်ဥခြောက်လုံး ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထိုနောက်  ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးနှင့် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းမင်း ထွန်းတို့က အရာထမ်းနှင့် အမှုထမ်းဝန်ထမ်း ၅၅ ဦးအား ဆန်ခြောက်ပြည်နှင့် ဆီတစ်ပိဿာ တို့ကို တစ်ဦးချင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ခွီရှိန်းမောင်း(ပြန်/ဆက်)