သံဖြူဇရပ်မြို့နယ်၌ ​နယ်​မြေ​အေးချမ်းတည်ငြိမ်​​ရေးနှင့် ဒေသဖွံဖြိုး​ရေး​စေ​ရေး ကွင်းဆင်းဆောင်ရွက်

သံဖြူဇရပ် သြဂုတ် ၁၀

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ကျိုက္ခမီမြို့၊ ရန်အောင်မြေရပ်ကွက်၊ မေဓါဝံသ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၌ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မှုခင်းမှတ်တမ်းဌာန၊ မြို့နယ်ပညာရေးဦးစီးဌာန၊ မြို့နယ်မွေးမြူးရေးနှင့်ကုသ​ရေးဦးစီးဌာနနှင့် မြို့လျှပ်စစ်ဓါတ်အားဖြန့်ဖြူး​ရေးလုပ်ငန်မှ တာဝန်ရှိသူများပူး​ပေါင်း၍ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ ကွင်းဆင်းဆောင်ရွက် ဟောပြောခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်းက ​ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကွင်းဆင်း​ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူးဦး​အောင်မိုးလွင်က ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် ပါတီများနှင့် ပတ်သက်၍ ပြောကြားပြီး၊ ဗိုလ်မှူးသက်ထွန်းဦးမှ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ​ကိုလည်​ကောင်း၊ မှုခင်းမှတ်တမ်းထိန်းသိမ်း​ရေးဌာနမှ ရဲအုပ်သက်ဝေက  လိုင်စင်မဲ့မော်တော်ယာဉ်များ စီးနင်းမောင်းနှင်ခြင်း မပြုလုပ်ရန်နှင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်ပညာရေးဦးစီးဌာန၊ လက်​ထောက်ပညာ​ရေးမှူး ဦးထွန်ငြိမ်းက ကျောင်သား၊ ကျောင်းသူများ အောင်ချက်အကောင်းဆုံးအဆင့် ရောက်ရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်​ကြောင်း အသိ​ပေး​ပြောကြားပြီး၊ တက်​ရောက်လာကြသူများမှ မိမိတို့ သိရှိလိုသည်များကို ​မေးမြန်း​ဆွေး​နွေးရာ တာဝန်ရှိသူတို့က ပြန်လည်​ပေါင်းစပ်​ဆောင်ရွက်​ပေးခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)