မိုးကုတ် ၊ နိုဝင်ဘာ ၂၃
မိုးကုတ်မြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ က မိုးကုတ် တူးဖော်ရေးဌာန အစည်းအဝေးခန်းမတွင် ကျောက်မျက်ရတနာ အသေးစားတူးဖော်ထုတ်လုပ်ခြင်း ဧရိယာလျာထား သတ်မှတ်နိုင်ရေးနှင့် ပတ်သက်သည့် အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် မိုးကုတ်တူးဖော်ရေးဌာန အထွထွေမန်နေဂျာ ဦးသန်းဇော်ဦးမှ ကျောက်မျက်ရတနာ ဥပဒေအရ ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်း ဧရိယာလျာထားမှုများအား ရှင်းလင်းဆွေးနွေးကာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးလှမိုးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ဆက်လက်ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ထောက်အထွထွေမန်နေဂျာ ဦးကိုကိုဝင်းမြင့်မှ အသေးစားဇုန်(၄)ဇုန် သတ်မှတ်လျာထားမှုများနှင့် ပတ် သက် ၍ အသေးစိတ် ချပြရှင်းလင်း ဆွေးနွေးခဲ့သည်။
ထိုသို့ဆွေးနွေးမှုများအပေါ် တက်ရောက်လာသည့် ကော်မတီဝင်များ၊ ကျောက်မျက်လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု များမှရပ်မိရပ်ဖများနှင့် အုပ်ချုပ်ရေးမှူးများမှ ပြန်လည် ဆွေးနွေးခြင်းများ ဆောင်ရွက် ကာ အထွေထွေမန်နေဂျာ ဦးသန်းဇော်ဦးမှ မေးမြန်းချက် များအပေါ်နိဂုံးချုပ်ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဖြိုးမမ (မိုးကုတ်)