နန်းယွန်းမြို့၌ မိခင်နို့စနစ်တကျတိုက်ကျွးရေး အသိပညာပေး ဟောပြောပွဲနှင့် ပုံမှန်ကာကွယ်ဆေးများတိုက်ကျွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့၌ မိခင်နို့စနစ်တကျတိုက်‌ကျွေးရေး အသိပညာပေးဟောပြောပွဲနှင့် အသက်(၅)နှစ်အောက် ကလေးသူငယ်များ ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၁၀)နာရီက နန်းယွန်းမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးနှင့်ပတ်သက်သော အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်  ၉ နာရီက သရက်ချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

ဈေးကွက်တွင်းရောက်ရှိနေသည့် စားသောက်ကုန်ပစ္စည်းများ လုံခြုံစိတ်ချမှုရှိရေး၊ ဥပဒေနှင့်အညီထုတ်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဈေးကွက်အတွင်းရောက်ရှိနေသည့် ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိရေး၊ ဥပဒေနှင့်အညီထုတ်လုပ်ရေးစဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်အတွင်းရှိ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချသည့် ဈေးဆိုင်များနှင့်လုပ်ငန်းများသို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ခြင်း၏အကျိုး အသိပညာပေးဟောပြော

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များအသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပခဲ့သည်။

ငါန်းဇွန်မြို့ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်/သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ငါန်းဇွန်မြို့နယ်ရုံးမှ ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/သုတရသစာအုပ် စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံမြို့ရှိ စာသင်ကျောင်းများတွင် (KG) ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် စာသင်ကျောင်းအသီးသီးရှိ (KG)တန်း ကျောင်းသား၊ ကျောင်းသူလေးများအား ယမန်နေ့နေ့လယ်ပိုင်းက အာဟာရကျွေးမွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မလှိုင်မြို့နယ်၌ မိုးကြိုဝါစိုက်ဧကများအား ကွင်းဆင်းကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်၊ မိုးကြိုဝါသီးနှံ စိုက်ပျိုးခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ဖက်ကုန်းကျေးရွာတွင် ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများကသွားရောက်ကာ မိုးကြိုဝါစိုက်ဧကများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တောင်တော်ကျေးရွာအနီးမှ ကွန်ကရစ်တံတားအထက်အောက်ပျက်စီးနေသည့် မြောင်းဘောင်များအား ကျောက်သားဆလံစီခြင်းများ ပြုလုပ်ပေးသွားမည်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဒေသခံတောင်သူများ ကုန်ထုတ်ရာ၌ အဆင်ပြေစေရေး၊ မြောင်းဘောင်ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် သီးနှံမျိုးစုံ(၆၈၈၂)ဧက ရေပြည့်ဝစွာပေးဝေနိုင်ရေး တောင်တော် ကျေးရွာအနီးမှ ကွန်ကရစ်တံတားအထက်အောက်၌ ပျက်စီးနေသည့်မြောင်းဘောင်များအား ကျောက်သားဆလံစီးခြင်းလုပ်ငန်းများဖြင့် ပြန်လည်ပြုပြင်သွားမည်ဖြစ်ကြောင်း သိရသည်။

လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြင့်မားရေး၊ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊  အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယမန်နေ့ မွန်းလွဲ ၂ နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ် အမှတ်(၄)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၄)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများကို ရင်းနှီးကျွမ်းဝင်စေရန်နှင့် အသိပညာဗဟုသုတများ သိရှိစေရန်အတွက် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to