ညောင်ဦး ဩဂုတ် ၁၃
မန္တလေးတိုင်းဒေသကြီး အခြေခံပညာအထက်တန်းကျောင်း (ညောင်ဦး)၌ လူမှုဝန်ထမ်း ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူမျာ အသိပညာဗဟုသုတရရှိစေရန် လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင် ပြပွဲကို ဩဂုတ် ၁၃ရက် နံနက်က ဆောင်ရွက်သည်။
ဦးစွာ ခရိုင်ပညာရေးမှူး ဦးကျော်ဝင်းက ဟောပြောပွဲ ရည်ရွယ်ချက်များအား ပြောကြားသည်။ ထို့နောက် ခရိုင်လူမှုဝန်ထမ်းဦးစီးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအကြောင်းး၊ လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိဒေါ်ဇင်ဇင်ခိုင်က လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့်ပတ်သက်၍ သိရှိရမည့်အရာများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သူဇာစိုးက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့်စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောဆွေးနွေးသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များ ဖတ်ရှုစေခြင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်၊ လူ ငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိ ပညာပေးနံရံကပ်စာစောင်များပြသခြင်းတို့ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
ဒီပါလင်း