ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပြည်ကြီးချမ်းသာ မဟာစေတီတော်တွင် (၂၄)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပမည်

ရန်ကုန်   ဇန်နဝါရီ   ၉

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၁၆) ရပ်ကွက်၊ ပြည်ထောင်စုလမ်းရှိ ပြည်ကြီးချမ်းသာမဟာစေတီတော် (မြို့ဦးစေတီတော်) တွင် (၂၄)ကြိမ် မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်မှ စတင်ကျင်းပလျက်ရှိရာ မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဇန်နဝါရီ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် အဆိုပါ စေတီတော်ရင်ပြင်တွင် ကျင်းပမည်ဖြစ်ကြောင်း စေတီတော်ဂေါပကအဖွဲ့ထံမှ သိရသည်။

ချောင်းဦးမြို့တွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်

ချောင်းဦး    ဇန်နဝါရီ   ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း (Mobile Service Delivery) ကို ယနေ့နံနက် ၁၀ နာရီအချိန်က ရွှေကူကျေးရွာအုပ်စု၊ ရွှေကူကျေးရွာ ရွာသစ်ဓမ္မာရုံကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ရှေးဦးစွာ ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမျိုး၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ‌ဦးကျော်ဆန်းနှင့် မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ  ဦးအောင်ဘော်တို့ကအမှာစကား ပြောကြားခဲ့ကြသည်။

“သံဃမာတာ” ဘွဲ့တံဆိပ်နှင့် စလွယ်ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

မန္တလေး ဇန်နဝါရီ ၉

 “သံဃမာတာ” ဘွဲ့တံဆိပ်နှင့် စလွယ်ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အောင်မြေသာစံမြို့နယ်၊ ကုသိုလ်တော်ဘုရား တောင်ဘက်တန်ဆောင်းတွင်ကျင်းပသည်။

ပင်လုံတက္ကသိုလ် အထူးပြုဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ ကျင်းပ

လွိုင်လင် ဇန်နဝါရီ ၉

၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပင်လုံတက္ကသိုလ် အထူးပြုဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီက လွိုင်လင်ခရိုင် အားကစားကွင်းတွင် ကျင်းပကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပင်လုံတက္ကသိုလ် ပထဝီဝင်ဘာသာရပ် ပါမောက္ခဌာနမှူး ဆရာကြီး ဒေါက်တာမင်းလွင် အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆိုကြပြီးနောက် ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။ ဆက်လက်၍ ပြေးခုန်ပစ်ပြိုင်ပွဲများကို ကျင်းပသည်။

ဂန့်ဂေါမြို့နယ် သမဝါယမအသင်းစု (၁၃) ကြိမ်မြောက် EXIM BANK ချေးငွေပေးအပ်

ဂန့်ဂေါ   ဇန်နဝါရီ   ၉

ဂန့်ဂေါမြို့နယ်တွင် (၁၃) ကြိမ်မြောက် EXIM BANK ချေးငွေပေးအပ်ပွဲကို ယမန်နေ့က မြို့နယ်သမဝါယမအသင်းစု အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးကြည်နှင့် မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးမြင့်ထွေးတို့က အမှာစကားပြောကြားကြပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူး ဒေါ်မြမြစန်းက ချေးငွေနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ဒေါပုံမြို့နယ်၊ ဇေယျာသီရိရပ်ကွက်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့်ပြည်သူများ လူထုတွေ့ဆုံ ပွဲပြုလုပ်

ဒေါပုံ  ဇန်နဝါရီ ၉

ရန်ကုန်တိုင်းဒေကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် ဇေယျာသီရိရပ်ကွက်၊ သီရိဇေယျာ သာသနဗိမာန် ဓမ္မာရုံတွင် လွှတ်တော်ကိုယ်စားလှယ်များ နှင့်မြို့ပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့ ညနေ (၄) နာရီက ပြုလုပ်ကြောင်းသိရသည်။

မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

လှိုင်းဘွဲ      ဇန်နဝါရီ  ၉

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါး ပပျောက်ကင်းစင်ရေးအတွက် နယ်လှည့်အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က တာပေါင်ကျေးရွာအုပ်စု ကော့လာ(အထက)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

လှိုင်းဘွဲ      ဇန်နဝါရီ  ၉

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါး ပပျောက်ကင်းစင်ရေးအတွက် နယ်လှည့်အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က တာပေါင်ကျေးရွာအုပ်စု ကော့လာ(အထက)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် တိုက်ကွမ်ဒိုပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲ စတင်ကျင်းပ

လွိုင်ကော် ဇန်နဝါရီ ၉

(၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် တိုက်ကွမ်ဒိုပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီမှစ၍ လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ရှိ အားကစားရုံသစ်(၂)နှင့် ပြည်နယ်မီးသတ်ဦးစီးဌာနရုံး ခန်းမတို့၌ ကျင်းပသည်။

ဆိပ်ဖြူမြို့နယ်တွင် ပြည်သူ့စကားဝိုင်းကျင်းပ

ဆိပ်ဖြူ  ဇန်နဝါရီ ၉

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ဂွေးပင်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးပြည်သူ့စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဂွေးပင်ကျေးရွာအထက်တန်းကျောင်း တွင် ပြုလုပ်သည်။

Subscribe to