ကလေးစာပေပွဲတော်(လပွတ္တာ) ပိတ်ပွဲကျင်းပ
လပွတ္တာ ဇန်နဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံ ပညာဦးစီးဌာနနှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော လပွတ္တာမြို့နယ် ကလေးစာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက လပွတ္တာမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ ဧရာဝတီခန်းမ၌ ကျင်းပသည်။